သတင်းများ

အလုံမြို့နယ် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို စတင်ကြေညာပေးလျက်ရှိ
Sep 01,2020
၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အလုံမြို့နယ်က ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို သြဂုတ်လ(၃၀) ရက်နေ့မှ စတင်ကာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ် မော်လမြိုင်၌ အေးခဲအသားများအားဖမ်းဆီးသိမ်းဆည်း၍ မီးရှို့ဖျက်ဆီး
Sep 01,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ယနေ့ နံနက်ပိုင်း၌ သားငါးဈေး(ကျောက်မီးသွေးရုံဈေး)သို့ ဝင်ရောက် စစ်ဆေးရာ တရားမဝင်တင်သွင်းရောင်းချလျှက်ရှိသော အေးခဲအသားများ (ကြက်သား၊ ကြက်သဲ၊ ကြက်မြစ်) အား ဖမ်းဆီးသိမ်းဆည်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ဝေါမြို့တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ပြုလုပ်ဆောင်ရွက်
Sep 01,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း အသက်(၆) လမှ (၉)နှစ်ထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးလျက်ရှိရာ စတင်ဘာလ(၁)ရက်နေ့ နံနက်(၇)နာရီ က ဝေါမြို့‌ရပ်ကွက်/ ကျေးရွာနှင့် အုပ်ချုပ်ရေးမှူးရုံးနှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် ဆေးတိုက် ကျွေးပြု လုပ်လျက်ရှိသည်။
ပုသိမ်မြို့နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းများ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာကပ်ထား
Sep 01,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်တွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် ပုသိမ်မြို့ နယ် မဲဆန္ဒနယ်များမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စားရင်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် သြဂုတ်လ ၃၀ ရက်နေ့မှစ၍ ကြေညာကပ်ထားပြီဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများထုတ်ပြန်ကြေညာ
Sep 01,2020
၂၀၂၀၂ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်၊ ရေးမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ အမည်စာရင်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက် / ကျေးရွာကော်မရှင်ရုံးများတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကြိုတင်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Sep 01,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ် ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ ကလေးငယ်များအား ကိုယ် အလေးချိန်နှင့် ကျန်းမာရေး စစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ သာကေတ မြို့နယ်၊ ထူပါရုံရပ်ကွက်ရှိ သာသနရက္ခိတဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။
မိုင်းခတ်မြို့၌ ကိုဗစ်-၁၉ စီပွားရေးကုစားမှုအစီအစဉ် (CERP)ဖြင့် ဆောင်ရွက်သောမိုးစပါး မျိုးကွဲနုတ်ပယ်ခြင်းဆောင်ရွက်
Sep 01,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)ဖြင့် ဆောင်ရွက်သောမိုးစပါးမျိုးကွဲ နှုတ်ပယ်ခြင်းကို ယမန်နေ့ညနေပိုင်း က ရပ်ကွက်(၂) တောင်သူ ဦးဝင်းကြိုင် လယ်ကွင်း၌ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် တရုတ်ပြည်နှင့် ရခိုင်ပြည်နယ်မှ ပြည်လည်ရောက်ရှိလာသူ (၂၈) ဦးအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ သိရှိနိုင်ရေး ဓာတ်ခွဲနမူနာများရယူ
Sep 01,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် နေရပ်သို့ ပြန်လည်ရောက်ရှိလာကြသည့် တရုတ်ပြည်မှ (၁၁)ဦး၊ ရခိုင်ပြည်နယ်မှ (၁၇ )ဦး စုစုပေါင်း (၂၈) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ သိရှိနိုင်ရေးဓာတ်ခွဲနမူများရယူနိုင်ရန် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်နမူများကို ယနေ့နံနက် ၉ နာရီက ရယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။