စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်

ရေဦး စက်တင်ဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးဌာန ၀န်ထမ်းများက ကိုဗစ်-၁၉ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြင်းထန်အဆုတ်ရောင် ကူးစက်ရောဂါ ထိန်းချုပ်ရေး  ယာယီပျံကျ ဈေးနှင့် မြို့မစည်ပင်သာယာဈေးကြီးတွင် ဩဂုတ် ၁ ရက်နံနက် ၇ နာရီက  အဆိုပါ ဈေးတို့တွင်  ဆောင်ရွက် နေကြောင်းသိရသည်။

ကူးစက်ရောဂါထိန်းချုပ်နိုင်‌ ရေးအတွက် နံနက်ဈေးဖွင့်ချိန်မှစ၍ ဈေးသည်ဈေးဝယ်များအား ကိုယ်အပူ ချိန်တိုင်း ပေးခြင်း၊ လက်ဆေး  နှာခေါင်းစည်းတပ်၍  ဈေးရောင်းဈေး၀ယ် ပြုလုပ် စေခြင်း၊ နှာခေါင်းစည်း (Mask) မပါသူများအား  နှာခေါင်းစည်းရရှိအောင်စီစဉ်ပေးခြင်း၊  မြို့မဈေးတွင်းလှည့်လည်၍   ဈေးဆိုင်များသို့ လှည့်လည် ကာ ကိုယ်အပူချိန်တိုင်းတာ စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ပြီး  လက်ဆေးဘေစင်  ရေပြတ်လပ်မှုမရှိစေရေး ၀န်ထမ်းများ အလှည့်ကျ တာ၀န်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ထိန်းချုပ်ရေးလုပ်ငန်းများ  ဆောင်ရွက် နေမှု  အင်အားတစ်ခုအနေဖြင့်  ရဲတပ်ဖွဲ့၀င်များမှလည်း   ကူညီဆောင်ရွက်ခဲ့ကြကြောင်း  သိရသည်။

သန်းထိုက် (ရေဦး)