ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများအား ကပ်ထားကြေညာပေး

ဒဂုံ(အရှေ့)  စက်တင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ မြို့ပေါ်(၂၉)ရပ်ကွက် နှင့် ကျေးရွာ ၃ ရွာရှိ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်း ကြေညာထားရှိမှုများကို သြဂုတ် ၃၀ ရက်နေ့မှ စတင်၍ ကပ်ထား ကြေညာပေး ထားကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ်(၇)အတွက် ပါတီ(၇)ခုရှိပြီး ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်း(၈) ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၆)ဦး ၊တိုင်းဒေသကြီး လွှတ်တော်မဲ ဆန္ဒနယ် အမှတ်(၁)အတွက် ကိုယ်စားလှယ်လောင်း(၆)ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂)အတွက် ကိုယ်စားလှယ်လောင်း(၇)ဦး ကရင်တိုင်းရင်းသားလူမျိုးများ လွှတ်တော် ကိုယ်စားလှယ် လောင်း(၇) ဦး၊ ရခိုင်တိုင်းရင်းသား လူမျိုးများ လွှတ်တော် ကိုယ်စားလှယ် လောင်း(၆) ဦး၊ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ် လောင်း(၄၇)ဦး အသီးသီး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မဲဆန္ဒရှင် မိဘပြည်သူများအနေဖြင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့ ဆန္ဒမဲပေးရာတွင် အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရေးအတွက် ကြေညာထားရှိပြီး ပထမအကြိမ် မဲစာရင်း ကပ်ထားကြေညာထားမှုအရ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် မဲဆန္ဒရှင် စုစုပေါင်း (၁၃၅၃၃၇)ဦး ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး မှ သိရှိရသည်။   

လှလှထွေး(ပြန်/ဆက်)