ဝေါမြို့နယ်၌ (CERP) အစီအစဉ်အရ ငါးသားပေါက်ကောင်ရေ (၄၉၇၆၆၉)ကောင်အား ထောက်ပံ့

ဝေါ စက်တင်ဘာ ၄

ငါးသယံဇာတများ တိုးပွားစေရန်၊ ငါးထုတ်လုပ်မှု ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်ချက် ဖြင့် ယမန်နေ့နံနက်ပိုင်းက ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် (CERP) အစီအစဉ်အရ ငါးသားပေါက် ကောင်ရေ (၄၉၇၆၆၉) ကောင်အား   ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးအပ်ရာတွင် တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကြည် ၊  ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်သန်း၊ ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး  ဦးဇော်မြင့်နိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူး ဦးသန်းလင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက စပါးစိုက်ပျိုး တောင်သူများထံသို့ ငါးမွေးတောင်သူ(၁၇၄)ဦး၏ ငါးမွေးကန် (၄၇၂ဒသမ၆၂) ဧကအတွက် ငါးသားပေါက်ကောင်ရေ (၄၉၇၆၆၉)ကောင်အား ထောက်ပံ့ဖြန့်ဖြူး ပေးအပ်ခဲ့‌ကြောင်း သိရပါသည်။

အောင်မြတ်လင်း (ပြန်/ဆက်)