ဝက်လက် စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး ၀က်လက်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနရုံးဝင်းအတွင်း တည်ဆောက် လျက်ရှိသော ထွန်စက်ဂိုဒေါင် နှင့်ကွန်ကရစ်လမ်းဆောက်လုပ်နေမှုများအား မြို့နယ်အရည်အသွေးစစ် ဆေးရေးအဖွဲ့တာဝန်ရှိသူများက စက်တင်ဘာ ၂ ရက်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းများကို မြို့နယ်အရည်အသွေးစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလေးက ဦးဆောင်ကာ အဖွဲ့ဝင်များဖြစ်ကြသော မြို့နယ်စီမံကိန်း ရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်မောင်အုန်း မြို့နယ်လမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဆွေ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေမျိုးနိုင် မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ခိုင် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရန်နိုင် မြို့နယ် စည်ပင် သာယာရေးအဖွဲ့ အငယ်တန်းအင်ဂျင်နီယာ ဒေါ်စုစုမြိုင်တို့က သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ ပြည့်မီရေး၊ သတ်မှတ်ကာလ အတွင်း လုပ်ငန်များအချိန်မီ ပြီးစီးနိုင်ရေးတို့ကိုကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြရာ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးငွေဇော်စိုးနှင့် တင်ဒါ အောင်မြင်ကာ တာ၀န်ယူ တည်ဆောက် လျက်ရှိသည့် “အောင်မြင်ဓနဖြိုးကုမ္ပဏီ”မှ တာဝန်ခံ အင်ဂျင်နီ ယာများက ရှင်းလင်းပြသခဲ့ကြပါသည်။
၀က်လက်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသော ထွန်စက်ဂိုဒေါင်မှာ အလျား ၁၀၀ပေ အနံ ၂၈ပေ အမြင့် ၁၂ပေ ရှိပြီး ကွန်ကရစ်လမ်းမှာ အလျား ၄၂၀ပေ အနံ ၁၆ပေ ထု ၈လက်မ ဖြင့် အဆိုပါ လုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၇ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့ အထိ လုပ်ငန်းများ အားလုံး၏ ၅၀ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်းနှင့်၂၀၁၉ _၂၀၂၀ ဘဏ္ဏာနှစ် ပြည်ထောင်စုခွင့်ပြုဘဏ္ဏာရန်ပုံငွေကျပ် (၆၉.၇) သန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၅ရက်နေ့တွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ် စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးငွေဇော်စိုး၏ ပြောကြားချက်အရသိရသည်။
ဥမ္မာဝင်း(ဝက်လက်)