ရေဦး စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် ကိုဗစ်−၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေး အထောက်အကူပြု ပထမအကြိမ် Mask Campaign ပြုလုပ်၍ ကျန်းမာရေးစစ်ဆေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီက ရေဦးမြို့ ယာယီဈေး၊ မြို့မစည်ပင်ဈေးကြီးအတွင်း အပြင်၊ ဈေးပတ်လမ်းတစ်လျောက်၊ နာရီစင်လမ်းဆုံနှင့် မြို့ အဝင် အထွက်ဂိတ် နေရာတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Mask Campaign ပြုလုပ်ခြင်းကို ပြည်သု့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မင်းသိန်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှုးညွန့်၀င်း၊ စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ညွန့်ဆွေ တို့ဦးဆောင်မှုနှင့်အတူ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးဌာန၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန ၀န်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ အသင်းတို့ပူးပေါင်းပါ၀င်လျက် လမ်းသွားလမ်းလာ ပြည်သူ ၃၀၀ ဦးအား mask များ အသီးသီး ဝေပေးခဲ့ကြပြီး နေအိမ်ပြင်ပ ထွက်လျှင် Mask တပ်ဆင်ခြင်းဖြင့် ပြည်သူများမှ ပူးပေါင်းပါဝင် လုပ်ဆောင်ပေးကြရန်လိုအပ်ကြောင်း၊ ကူးစက်ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး ထုတ်ပြန် ကြေညာ ချက်များကို လိုက်နာခြင်းဖြင့် အတူပူးပေါင်း ပါ၀င်ဆောင်ရွက်မှသာ ထိန်းချုပ် နိုင်မည်ဖြစ်ကြောင်းကို သိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
သန်းထိုက် (ရေဦး)