ဟိုမိန်းမြို့တွင် စာဖတ်ပရိသတ်များရှိရာသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး
Sep 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပြည်သူများအသိပညာဗဟု သုတတိုးပွားစေရန်နှင့် စာပေလေ့လာဖတ်ရှုသည့် အလေ့ အထကောင်းများ တိုးပွား စေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလ အတွင်း စာကြည့်တိုက် သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များရှိရာ ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်း ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်ကကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။