နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့၌ အသက်(၂)လမှ (၁)နှစ်ခွဲအရွယ် ကလေး ငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေး

ပန်ဆောင်   စက်တင်ဘာ   ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ ဒေသန္တရ ကျေးလက် ကျန်းမာရေးဌာနခွဲမှ  အသက်(၂)လမှ (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန် ကာကွယ် ဆေးတိုက်ကျွေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက စတင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးတိုက်ကျွေးထိုးနှံခြင်းလုပ်ငန်းများကို ပန်ဆောင်မြို့ ကျေးလက် ကျန်းမာရေး ဌာနခွဲမှ ယာယီတာဝန်ခံ ဆရာမဒေါ်ဆိုက်ရွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက အထက်ရပ်ကွက်မှ ကလေးငယ်(၄၅)ဉီး၊ အလယ်ရပ်ကွက်မှ ကလေးငယ်(၂၀)ဉီး၊ နီဟိရပ်ကွက်မှ ကလေးငယ်(၅၅)ဉီး၊ စုစုပေါင်း ကလေးငယ်(၁၂၀)ဉီးတို့အား ဆုံဆို့နာ၊ မေးခိုင်၊ အသဲရောင်၊ အသားဝါ၊ ဉီးနှောက်အမေးရောင်၊ ပြင်းထန်အဆုတ်ရောင်၊ ပိုလီယို၊ ဂျပန်ဉီးနှောက်ယောင်၊ ဝက်သက်၊ ဂျိုက်သိုးစသည့် ရောဂါများအား ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ဂျာယော်(ပန်ဆောင်)