မြောက်ဥက္ကလာပ စက်တင်ဘာ ၇
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အထောက်အကူပြုနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဂ) ရပ်ကွက်အတွင်းရှိ ပြည်သူများနှင့် မေဓာဝီဈေးရှိ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ Mask တပ်ဆင်ရန် အသိပညာပေးခြင်းနှင့် Mask များ ဝေငှခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် (ဂ)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအောင်မိုး ဦးဆောင်သော ရုံးအဖွဲ့ ဝင်များ၊ Mask အလှူရှင်များ ပူပေါင်း၍ ရပ်ကွက်အတွင်းရှိ လမ်းသွား လမ်းလာ ပြည်သူများ၊ မေဓာဝီဈေးရှိ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နေအိမ်မှ အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့် ညွန်ကြားချက်များကို လိုက်နာရန်၊ ဈေးရောင်းရာတွင် လက်အိတ် ဖြင့် စနစ်တကျ ရောင်းချရန်နှင့် အရာဝတ္တုများကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောရန် စသည့်အသိပညာပေးခြင်းနှင့် နှာခေါင်းစည် းMask (၁၄၀၀) ကျော်ကို ဝေငှပေး ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး လိုက်နာရမည့်အချက်များကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန် ရပ်ကွက်(၁၉)ရပ်ကွက်ရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်များက တစ်နေ့လျှင် (၅)ကြိမ် အသံချဲ့စက်ဖြင့် လှည့်လည် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)