ထီးချိုင့် စက်တင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် စည်ပင်သာယာရေး နယ်နိမိတ် အတွင်း ဖွင့်လှစ်ရောင်းချသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် ထားခြင်း ရှိ/မရှိကို ယနေ့နံနက် (၁၁) နာ ရီက မြို့နယ်စီမံခန့်ခွဲမှုကော်မ တီဥက္ကဌဦးစိုးလွင်၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာကိုကိုနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးအေး၊ မြို့နယ်စည်ပင်သာယာရေးအမှု ဆောင်အရာရှိဦးခိုင်လွင်သန့်နှင့် ဝန်ထမ်း များပါဝင်သောပူးပေါင်းအဖွဲ့မှ စစ်ဆေးခဲ့ ကြောင်းသိရပါသည်။
ထီးချိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချလျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် လမ်းညွှန် ချက်များနှင့်အညီ လက်ဆေးဘေစင်များထားရှိခြင်း ရှိ/မရှိ၊ လက်သန့်ဆေးရည်များ ထားရှိခြင်း ရှိ/မရှိ၊ စားသောက်ဆိုင် ပိုင်ရှင်များနှင့် ဝန်ထမ်းများ နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိကို ဝင်ရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ရဲလင်းထွန်း(ထီးချိုင့်)