ခင်ဦး စက်တင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ မြကန်သာရပ်၊ ရေဦးလမ်းထွက်တွင် မြို့သန့် ရှင်းသာယာလှပရေး အတွက် ပြည်သူ့ပန်းခြံ ဆောက်လုပ်နေမှုကို စက်တင်ဘာလ ၇ ရက် နေ့ ၁၂ နာရီက တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဒေါ်သင်းသင်းကြူ၊ ဦးကျော်မင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးချိုလင်းအောင်၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်အောင်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု ခဲ့ကြသည်။
အဆိုပါ ပြည်သူ့ပန်းခြံကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အထွေထွေပိုလျှံ ရန်ပုံငွေကျပ်သိန်း(၁၀၀) ဖြင့် အလျား (၁၄၅) ပေ၊ အနံ (၇၅) ပေ တွင် ကလေးကစားစရာ လျှောစင် အကြီး၊ အသေး၊ ဒန်းအကြီး၊ ပင်လယ်ဓားပြ၊ စီးစော (၂) ခု၊ ကားရုပ် (၂) ခု တို့ပါဝင် တည်ဆောက်သွားပြီး ဆက်လက်ပြီး အများပြည်သူအပန်းဖြေရန် အတွက်လည်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ ဒေါ်ရည်ရည် လွင် ထံမှ သိရှိရပါသည်။
စိုးဝေအောင်(ခင်ဦး)