သတင်းများ

Community Based Facility Quarantine(၂၁)ရက်ကြာ ထားရှိ စောင့်ကြည့်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်
Sep 07,2020
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ Community Based Facility Quarantine (၂၁)ရက်ကြာ ထားရှိ စောင့်ကြည့်သူများအား ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀) နာရီက ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ကြောင်းသိရသည် ။
​ကျောက်တံခါးမြို့တွင် Mask စနစ်တကျ တပ်ဆင်သွားလာခြင်း မရှိသူများအား အသိပညာ​ပေးခြင်းနှင့် ခုဝယ် ခုတပ် ဒဏ်​ပေးစနစ်​ဆောင်ရွက်
Sep 07,2020
ပဲခူးခရိုင်၊​ ကျောက်တံခါးမြို့တွင် Mask စနစ်တကျ တပ်ဆင်သွားလာခြင်း မရှိသူများအား အသိ ပညာ​ပေးခြင်းနှင့် ခုဝယ်ခုတပ် ဒဏ်​ပေးစနစ်​ဆောင်ရွက်ခြင်းကို ယ​နေ့ နံနက်(၈)နာရီ အချိန်က ဗိုလ်ချုပ်လမ်းနှင့် ဦးစံကျော်လမ်းဆုံတွင် Mask စနစ်တကျ တပ်ဆင်သွားလာ​ရေး ပညာ​ပေး​ကော်မတီက ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး ကြေညာဆိုင်းဘုတ် စိုက်ထူ
Sep 07,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းကာကွယ်အသိပညာပေး ကြေညာဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က စိုက်ထူပေးခဲ့ကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်တွင် မသန်စွမ်းသူများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်
Sep 07,2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက Covid-19 Econmic Relief Plan (CERP)စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်အရ မသန်စွမ်းသူများကို ထောက်ပံ့ ငွေများ ပေးအပ်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် ယနေ့ နံနက်(၉)နာရီအချိန်က မသန်စွမ်းသူများထံသို့ အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။
နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ
Sep 07,2020
ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ် အတွင်း Crew Change ပြုလုပ်ရန် အီဂျစ်နိုင်ငံမှလာရောက်သည့် MV.DONGBANG GIANT No,7 သင်္ဘောပေါ်မှ သင်္ဘောသား(၁၂)ဦး၊ ဆွီဒင်နိုင်ငံမှလာရောက်သည့် M.T SC PETREL သင်္ဘောပေါ်မှ သင်္ဘောသား (၈)ဦး၊ အင်ဒိုနီးရှားနိုင်ငံမှလာရောက်သည့် MT KOTA RIA သင်္ဘောပေါ်မှ သင်္ဘောသား(၉)ဦး၊ စုစုပေါင်းသင်္ဘောသုံးစီးပေါ်မှ သင်္ဘောသား (၂၉)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျှက်ရှိကြောင်းသိရသည်။
ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး ပြည်သူများအား အသိပေးနှိုးဆော်
Sep 07,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ကြားချက်နှင့်အညီ လိုက်နာရမည့် စည်းကမ်းချက်များကို ယမန်နေ့ ည (၆) နာရီက လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့သည်။
ဝေါမြို့နယ်တွင် ပညာပေးကာလ ပြီးဆုံး၍ maskများကို ယခုဝယ် ယခုတပ်စနစ်ဖြင့် အသိပညာပေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်
Sep 07,2020
ကိုဗစ်−၁၉ ရောဂါ ပြည်တွင်းကူးစက်မှုများမြှင့်တက်လာသည်နှင့်အမျှ အနယ်နယ်အရပ်ရပ်တွင် ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိသည်။ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် ယခင်က mask များကိုအခမဲ့ဖြန့်ဝေပေးခဲ့ပြီး ယခုအချိန် အခါတွင် ပညာပေးကာလပြီးဆုံးပြီဖြစ်၍ ယခုဝယ် ယခုတပ်စနစ်ဖြင့် လုပ်ဆောင် နေကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ရေးလှုပ်ရှားမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် တာဝန်ရှိသူများက နှာခေါင်းစည်း (mask) တပ်ဆင်ရေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီ အချိန်ခန့် က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးရှေ့နှင့် လမ်းဆုံတွင် လမ်းသွားလမ်းလာ ခရီးသွားပြည်သူ များကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့တွင်းလှည့်လည်စိစစ်ရေးကော်မတီမှ တာဝန်ရှိသူများကအပြင်ထွက်တိုင်း မဖြစ်မနေ နှာခေါင်း စည်း(mask) တပ်ဆင်ဖို့မမေ့ကြရန် အသံချဲ့စက်ဖြင့် နေ့စဉ်အသိပညာပေး‌ပြောကြားခြင်းနှင့် နှာခေါင်းစည်း(mask) မတပ်ဘဲသွားလာနေကြသူများကို ယခုဝယ်၊ယခုတပ်စေခဲ့‌ကြောင်း သိရသည်။