ဟိုမိန်း စက်တင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာပေလေ့လာဖတ်ရှုသည့် အလေ့ အထကောင်းများ တိုးပွား စေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလ အတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များရှိရာ ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်ကကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဟိုမိန်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆေးနှင့် ဒေါ်နန်းမိုဟွမ် (အငယ်တန်းစာရေး) တို့က မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မီးသတ် ဦးစီးဌာနရုံးသို့ သွားရောက်၍ အသစ်ရောက်ရှိသည့် သုတ၊ ရသ စာအုပ်များကို ရက်သတ္တပတ်တစ်ပတ်အကြာ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ရဲနောင်(ဟိုမိန်း)