မြောင် စက်တင်ဘာ ၇
စစ်ကိုင်းခရိုင်၊မြောင်မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ကာကွယ်ဆေးထိုးခြင်း Immunization In Practise(IIP) သင်တန်း ဖွင့်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ် သံဃာ့ဆေးရုံ ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ပြည်သူ့ ကျန်းမာရေးဌာန ဦးစီးမှူး ဒေါက်တာရဲခေါင်က အဖွင့် အမှာစကား ပြောကြားပြီး၊ ဦးအောင်ကျော်စိုး (မြို့နယ်ကျန်းမာရေးမှူးအဆင့်-၁) က သင်တန်းဖွင့်ရခြင်း ၏ ရည်ရွယ် ချက်ကို ရှင်လင်းပြောကြားခဲ့ကြောင်း သိရသည်။
သင်တန်းမှာ တစ်နှစ်အောက် ကလေးငယ်များ ၊ ကိုယ်ဝန်ဆောင်မိခင်များ ကို ရောဂါ(၁၂)မျိုး အတွက် ကာကွယ် ဆေးထိုးခြင်းနှင့် ကျွမ်းကျင်မှု ပိုမိုရရှိအောင်မွမ်းမံ သင်တန်းပေးရခြင်း ဖြစ်ပါ တယ်ဟု မြို့နယ် ကျန်းမာရေးမှူး ဒေါ်သင်းသင်းဆွေက ပြောပြ၍သိရသည်။
အဆိုပါသင်တန်းသို့ အခြေခံကျန်းမာရေး ပညာရှင်များ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၇.၉.၂၀၂၀ မှ ၁၀.၉.၂၀၂၀ ထိဖြစ်ကြောင်းသိရသည်။
တင်ကိုကို