မန္တလေး စက်တင်ဘာ ၇
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပရဟိတလူမှုကူညီရေးအသင်းက နှာခေါင်းစည်း (Msak) အခုရေ (၃၀၀၀)ကို ယနေ့နံနက် ၉ နာရီခန့်က လူစည်ကားရာနေရာများ၌ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးကြသည်။
ပရဟိတ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးထွန်းမြင့်၊ အတွင်းရေးမှူး ဦးကျော်ဝင်းတို့ ဦးဆောင်သော အဖွဲ့ဝင် ၂၅ ဦးတို့က ဆရာစံစျေး၊ နန်းတော်ရှေ့စျေး၊ ညောင်ပင်စျေးနှင့် ၁၂ လမ်းနှင့် လမ်း ၈၀ ထောင့် အစရှိသည့် လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှကာကွယ်နိုင်ရန်အတွက် ဈေးသူဈေးသားများ၊ ဈေးဝယ်လာပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများကို နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာကြစေရန်အတွက် နှာခေါင်းစည်း (Mask) အခုရေ (၃၀၀၀)အား အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)