သတင်းများ

ခင်ဦးမြို့ သန့်ရှင်းသာယာလှပရေးအတွက် ပြည်သူ့ပန်းခြံဆောက်လုပ်နေမှုအား လွှတ်တော် ကိုယ်စားလှယ်များ ကွင်းဆင်းကြည့်ရှု
Sep 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ မြကန်သာရပ်၊ ရေဦးလမ်းထွက်တွင် မြို့သန့် ရှင်းသာယာလှပရေး အတွက် ပြည်သူ့ပန်းခြံ ဆောက်လုပ်နေမှုကို စက်တင်ဘာလ ၇ ရက် နေ့ ၁၂ နာရီက တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဒေါ်သင်းသင်းကြူ၊ ဦးကျော်မင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးချိုလင်းအောင်၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်အောင်ထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု ခဲ့ကြသည်။
ထီးချိုင့်မြို့တွင် စားသောက် ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များအားကျန်မာရေးနှင်အားကစား ၀န်ကြီးဌာနမှထုတ်ပြန်ထားသောစည်းကမ်းချက်များနှင်အညီလိုက်နာဆောင်ရွက်ထားရှိမှု ရှိ/မရှိစစ်ဆေး
Sep 07,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် စည်ပင်သာယာရေး နယ်နိမိတ် အတွင်း ဖွင့်လှစ်ရောင်းချသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် ထားခြင်း ရှိ/မရှိကို ယနေ့နံနက် (၁၁) နာ ရီက မြို့နယ်စီမံခန့်ခွဲမှုကော်မ တီဥက္ကဌဦးစိုးလွင်၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာကိုကိုနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး‌ကော်မတီ ဥက္ကဋ္ဌဦး‌အေး၊ မြို့နယ်စည်ပင်သာယာရေးအမှု ဆောင်အရာရှိဦးခိုင်လွင်သန့်နှင့် ဝန်ထမ်း များပါဝင်သောပူးပေါင်းအဖွဲ့မှ စစ်ဆေးခဲ့ ကြောင်းသိရပါသည်။
ဟိုမိန်းမြို့တွင် စာဖတ်ပရိသတ်များရှိရာသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး
Sep 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပြည်သူများအသိပညာဗဟု သုတတိုးပွားစေရန်နှင့် စာပေလေ့လာဖတ်ရှုသည့် အလေ့ အထကောင်းများ တိုးပွား စေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလ အတွင်း စာကြည့်တိုက် သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များရှိရာ ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်း ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်ကကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
မြောက်ဥက္ကလာပမြိုနယ် (ဂ)ရပ်ကွက်အတွင်း ပြည်သူများအား Mask တပ်ဆင်ရန် အသိပေးခြင်းနှင့် Mask များ အခမဲ့ဝေငှခြင်း ဆောင်ရွက်
Sep 07,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များကို အထောက်အကူပြုနိုင်ရေးအတွက်  ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ်၊ (ဂ) ရပ်ကွက်အတွင်းရှိ ပြည်သူများနှင့် မေဓာဝီဈေးရှိ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ Mask တပ်ဆင်ရန် အသိပညာပေးခြင်းနှင့် Mask များ ဝေငှခြင်းကို  ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပြုလုပ်
Sep 07,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ညှိနှိုင်း အစည်းအ ဝေးကို ယနေ့နံနက် (၁၀)နာရီခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ် ခဲ့ကြောင်းသိရသည်။
ထန်းတပင်မြို့နယ် လှည်းလမ်းကူးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၃)လုံး အမိုးလန်ပျက်စီးမှုဖြစ်ပွား
Sep 07,2020
ပဲခူးတိုင်းဒေသကြီး    တောင်ငူခရိုင် ထန်းတပင်မြို့နယ် လှည်းလမ်းကူးကျေးရွာ တွင်  ယမန်နေ့  ညနေ(၅)နာရီအချိန်ခန့်က ရုတ်တရက်   လေပြင်း   တိုက်ခတ်မှု  ဖြစ်ပွားခဲ့ရာ   လူနေအိမ်  (၃)လုံး   အမိုးလန်ပျက်စီးခဲ့ကြောင်းသိရသည်။
တနိုင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်
Sep 07,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းနှင့် လက်‌ကမ်းစာဆောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၀နာရီတွင် လမ်းဆုံလမ်းခွများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် လူစည်ကားသည့်နေရာများသို့ Mask တပ်ဆင်သွားလာမှုရှိစေရေး ဌာနဆိုင်ရာများပူးပေါင်းကွင်းဆင်းစစ်ဆေး
Sep 07,2020
သထုံခရိုင် ပေါင်မြို့နယ်တွင် Mask တပ်ဆင်သွားလာခြင်းမရှိသူများ အသိပညာပေးခြင်း နှင့် ဒဏ်ပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီခန့်က မြို့မဈေးနှင့် လူအသွား အလာများသည့်နေရာများသို့ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။