သတင်းများ

တိုက်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်း အစည်းအဝေးကျင်းပ
Sep 07,2020
တိုက်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်း ဆိုင်ရာ ရှင်းလင်းဆွေးနွေး ခြင်း အစည်းအဝေးကို ယမန့်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လသာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးကင်းစမှအသက်(၁)နှစ်ခွဲထိ ကလေးငယ်များ ပုံမှန် ကာကွယ်ဆက်လက် ဆေးထိုးနှံတိုက်ကျွေးပေး
Sep 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မွေးကင်းစမှ အသက်(၁)နှစ် ခွဲထိ ကလေး ငယ်များအား  ပုံမှန်ကာကွယ်ဆေးထိုးနှံ  တိုက်ကျွေးပေးခြင်းကို  ယနေ့ နံနက်(၉) နာရီက မြို့နယ် ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းများကအဆိုပါရုံးခန်းမဆောင်၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ပုဂံ-ညောင်ဦးစက်ဘီးစီးအဖွဲ့မှ နေရာသုံးနေရာတွင် နှာခေါင်းစည်း Mask Campaign ပြုလုပ်
Sep 07,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် ပုဂံညောင်ဦးစက်ဘီးစီးအဖွဲ့မှယမန်နေ့ နံနက်ပိုင်းက ညောင်ဦးမြို့ နေရာသုံး နေရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း Mask Campaign ပြုလုပ်ဝေငှပေးခဲ့ကြောင်း စက်ဘီးစီးအဖွဲ့ ဥက္ကဌ ဦးမြင့်နွယ်စိုးထံကသိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း စီမံကိန်းရေးဆွဲရေး အကောင်အထည် ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုလောမြို့နယ်၊ ပလမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများအတိုင်းထားရှိ စျေးရောင်းချနေမှု စစ်ဆေး
Sep 07,2020
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့တွင် ဖွင့်လှစ်ထားသည့်စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့နံနက် (၈) နာရီက ကွင်းဆင်းကြီးကြပ် စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရွာသစ်မြို့၌ အသက်(၈၅)နှင့်အထက် ဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Sep 07,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် အသက်(၈၅)နှင့်အထက် သက်ကြီး ဘိုးဘွားများအား (၂၀၁၉-၂၀၂၀) ဘဏ္ဘာရေးနှစ် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက တောင်ပိုင်း ရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ လွယ်ဝိုင်းကျေးရွာ၊ ဝမ်လွဲ့ကျေးရွာတို့တွင် အိမ်တိုင်ရာ ရောက် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရ သည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရန် မဲရုံများကို ကွင်းဆင်းစစ်ဆေး
Sep 07,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ပြီး မဲဆန္ဒရှင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် မဲရုံများတွင် အဆိုင်းခွဲ ဆောင်ရွက် ရန်နှင့် လိုအပ်သည်များကို ကြိုတင် ပြင်ဆင်နိုင်​ရန် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ် (IDP) စခန်း(၃)ခု၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ထုံးအိတ်နှင့် လက်ဆေးဆပ်ပြာခဲများ ထောက်ပံ့ပေးအပ်
Sep 07,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ နမ္မတူမြို့နယ် (IDP) စခန်း (၃)ခု၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ထုံးအိတ်နှင့် လက်ဆေးဆပ်ပြာခဲများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP)စခန်း၊ လီဆူး (IDP)စခန်းနှင့် ကချင် (IDP)စခန်းတို့၌ ဆောက်ရွက်ခဲ့သည်။