ထန်းတပင် စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် လှည်းလမ်းကူးကျေးရွာ တွင် ယမန်နေ့ ညနေ(၅)နာရီအချိန်ခန့်က ရုတ်တရက် လေပြင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ် (၃)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်းသိရသည်။
အဆိုပါ လေပြင်း တိုက်ခတ်မှုကြောင့် ထန်းတပင်မြို့နယ် လှည်းလမ်းကူးကျေးရွာနေ ဦးကျော်သက် (ဘ) ဦးဖိုးဆန်း၏ နေအိမ် ထရံကာ သွပ်မိုး ဦးဝင်းလှိုင် (ဘ) ဦးအောင်ချင်း၏ နေအိမ် ထရံကာ သွပ်မိုး ဦးနေလင်းဦး (ဘ) ဦးစိုးကြည်၏ နေအိမ် ထရံကာ သွပ်မိုး လူနေအိမ်(၃) လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးဆုံးရှုံးသည့် လူနေအိမ်များကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေ ပြည်သူများက လိုအပ်သည်များဝိုင်းဝန်း ကူညီဆောင်ရွက် ပေးခဲ့ကြပြီး လူနှင့်တိရစာ္ဆန်များ ထိခိုက်မှု မရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)