ပေါင်မြို့နယ်တွင် လူစည်ကားသည့်နေရာများသို့ Mask တပ်ဆင်သွားလာမှုရှိစေရေး ဌာနဆိုင်ရာများပူးပေါင်းကွင်းဆင်းစစ်ဆေး

ပေါင် စက်တင်ဘာ

သထုံခရိုင် ပေါင်မြို့နယ်တွင် Mask တပ်ဆင်သွားလာခြင်းမရှိသူများ အသိပညာပေးခြင်း နှင့် ဒဏ်ပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီခန့်က မြို့မဈေးနှင့် လူအသွား အလာများသည့်နေရာများသို့ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask ကို စနစ်တကျ တပ်ဆင် သွားလာစေရေး၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ အတိုင်း ပြုမူနေထိုင်လိုက်နာ ကြစေရေးအသိပညာပေးဆောင်ရွက်ခဲ့ပြီးနောက်  မြို့မဈေး၊ လူစည်း ကားသောနေရာများနှင့် လူအသွားအလာများသည့်နေရာများတို့တွင် Mask တပ်ဆင် ထားခြင်း မရှိသူ(၅၀)ဦးခန့်ကို Mask ချက်ချင်းတပ်ဆင်စေသည့်ဒဏ်ပေးခြင်းများကို ဆောင်ရွက်ခဲ့ ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်နှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ အစရှိသည်တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဝင်းမင်းသန်း(ပြန်/ဆက်)