သတင်းများ

ကျောက်ဆည်မြို့တွင် Maskများ အခမဲ့ပေးဝေခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 07,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များပူးပေါင်းပြီး လူစည်ကားသည့်စျေးများ လမ်းဆုံလမ်းခွများနှင့် မြို့အဝင်နေရာများတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီက အမှတ် (၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူးကျော်စိုးလွင်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်းမျာက ကျောက်ဆည်မြို့လယ် မီးပွိုင့် ရန်ကုန်-မန္တလေးကားလမ်းတွင်လည်း နှာခေါင်းစည်း Mask များ အခမဲ့ပေးဝေခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးခြင်းများ ပြုလုပ်ခဲ့ကြေင်း သိရှိရသည်။
ဘိုကလေးမြို့နယ်၌ မသန်စွမ်းသူများအား ထောက်ပံ့ငွေများပေးအပ်
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဘိုကလေးမြို့ပေါ်ရပ်ကွက်(၁၀)ခုရှိ မသန်စွမ်းသူ(၁၅၆)ဦးအား ယနေ့ နံနက်(၉)နာရီ၌ အိမ်တိုင်ရာရောက် ထောက်ပံ့ငွေ(၃၀၀၀၀)ကျပ် လိုက်လံထောက်ပံ့ ပေးအပ် ကြောင်း သိရသည်။
ဟင်္သာတမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ယမန်နေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရပ်စောက်မြို့နယ်တွင် ပုံမှန်ကာကွယ် ဆေးထိုးဆေးတိုက် လုပ်ငန်းများဆောင်ရွက်
Sep 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးခရိုင်၊ရပ်စောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာနတွင် မြို့ပေါ်(၈)ရပ်ကွက်အတွင်းရှိကလေးငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များ လစဉ် ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီ အချိန် က ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆောက်လုပ်လျက်ရှိသော ဝန်ထမ်းအိမ်ယာ (၄) ခန်းတွဲ၊ (၄) ထပ် ဆောက်လုပ်နေမှု (၁၀၀) ရာခိုင်နှုန်းပြီးစီမှုအား မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Sep 07,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် (၄) ခန်းတွဲ၊ (၄) ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်လျက်ရှိရာ အဆိုပါလုပ်ငန်းများ ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်သောကြောင့် ယမန်နေ့နံနက် (၁၀) နာရီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ဟိုပန်မြို့၌ မပြင်းထန်သော ငှက်ဖျားရောဂါ(PV) ကြိုတင်ကာကွယ်ရေးအတွက် ကျေးရွာများတွင် ရွာလုံးကျွတ် သွေးဖောက်စစ်ဆေးခြင်းနှင့် ဆေးရည်စိမ်ခြင်ထောင်များပေးအပ်
Sep 07,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင်၊မြို့ပန်မြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ဒေါက်တာအုန်းဝင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် (NGO)စေတနာ့ ဝန်ထမ်းများက ပုံမှန်ထက်ပိုဖြစ်သည့် မပြင်းထန်သော (PV)ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရန် ကျေးရွာများတွင် ရွာလုံးကျွတ် သွေးဖောက်စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က ရုံးကုန်း ရပ်ကွက်၊ အခြေခံမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ပင်လောင်းမြို့၌အသက်တစ်နှစ်ခွဲအောက် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ် ဆေး များထိုးနှံပေးခြင်း နှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်
Sep 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်းရှိအသက် နှစ်လမှ တစ်နှစ်ခွဲ အောက် ကလေးသူငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ ပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်ရှိ ကလေး သူငယ်များနှင့် ကိုယ်ဝန်ဆောင်များကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကာကွယ်ဆေးများထိုးနှံ တိုက်ကျွေးခဲ့ သည်။
ဟင်္သာတ၌ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးရွာတွင်း ကျောက်ခင်းခြင်းနှင့် ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသည့် ကာလတွင် အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေးထိခိုက်မှုများအပေါ် ပြန်လည် ကုစားပေးသည့် အနေဖြင့် Cash For Work စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကြူတောအင်းကျေးရွာတွင် စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း လမ်းချောင်း ကျောက်ခင်းခြင်း လုပ်ငန်းနှင့် ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။