တွံတေးမြို့နယ်တွင် မြစိမ်းရောင် ပဉ္စမစက်ဝန်း အိမ်တိုင်ရာရောက် ငွေထုတ်ပေးခြင်းဆောင်ရွက်
Sep 07,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဒွန်းကျေးရွာအုပ်စု အဒွန်းကျေးရွာတွင် မြစိမ်းရောင် ချေးငွေပဉ္စမစက်ဝန်းအဖြစ် ယမန်နေ့ နေလယ် ၂ နာရီက အဆိုပါကျေးရွာ၌ မြစိမ်းရောင် ကော်မတီမှ ကိုဗစ်-၁၉ ကာလ လူစုလူဝေးမဖြစ်စေရန်နှင့် ရောဂါကူးစက်မှုမဖြစ်စေရန် အိမ်တိုင်ရာရောက် လိုက်လံချေးငွေများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။