ရေကြည်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများထံ ငါးသားပေါက်များ အခမဲ့ထောက်ပံ့ပေးအပ်
Sep 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများကို မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် COVID-19 Economic Relief Plan (CERP) အရ ငါးမွေးမြူရေးလုပ်ငန်း အဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရမှ ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ဦးမော့ လာစေရေးအတွက် ငါးမွေးတောင်သူများထံသို့ ငါးသားပေါက် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မျှော့တူငါးမွေးကန်၊ ကျောက်ခဲချောင်းကျေးရွာနှင့် ကုန်းပြင် ကျေးရွာရှိ ငါးမွေးတောင်သူများထံသို့ သွားရောက်ကာ ငါးသားပေါက်များ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့သည်။