လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ် အထွေထွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန် ကြေညာခဲ့ပြီး လိုအပ်သော ပြင်ဆင်ခြင်း ၊ ဖြည့်စွက်ခြင်း ၊ ပယ်ဖျက်ခြင်း လုပ်ငန်းများ ပြုလုပ် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံသို့ ပုံစံ(၃)၊(၄)၊(၄-ဂ)တို့ဖြင့် လျှောက်ထားမှုနှင့် မြေပြင်ကွင်းဆင်း ရရှိိစာရင်းများကို ကွန်ပျူတာ ဖြင့် ဖြည့်စွက် ဆောင်ရွက်သည်။
အဆိုပါ လျှောက်ထားလာမှု ပုံစံ(၃)၊ (၄)၊(၄-ဂ)တို့ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲဆန္ဒရှင်တစ်ဦးချင်းစီ၏ လိုအပ်သော အချက်အလက်များ ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်ခြင်း လုပ်ငန်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် ရပ်ကွက် /ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ပူးပေါင်းဆောင်ရွက်ပြီး မဲဆန္ဒရှင် စာရင်းများ ကွန်ပျူတာဖြင့် ထည့်သွင်း၍ မဲဆန္ဒရှင်စာရင်း စုစုပေါင်း(၃၃၆၀၀၀) ဦးရှိ၍ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးရဲကျော်သူထံမှ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရန် မဲဆန္ဒရှင်အမည်စာရင်း ဖြည့်စွက် ပြင်ဆင်မှု များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)