ကရသူရိ၊ စက်တင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လမ်းသွားလမ်းလာသူများကို လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် Mask များတပ်ဆင်ရေးကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် Women Club အဖွဲ့တို့ပူးပေါင်း၍ အမှတ် (၁) ရပ်ကွက်တွင် အသိပညာပေးလှုပ်ရှားမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် လမ်းထွက်သွားလာနေကြသူများ Mask တပ်ဆင်ထားခြင်းမရှိပါက Maskများ တပ်ဆင်ပေးခြင်း၊ ကိုဗစ်−၁၉ရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် မကြာခဏ လက်ကို စနစ်တကျဆေးကြောကြရန်၊ လူထူထပ်သောနေရာများသို့သွားလာခြင်းမပြုကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်းချက်များကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
စိုးဝင်း(ပြန်/ဆက်)