ကော့သောင်း စက်တင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအဖြစ် မြို့နေပြည်သူများ အားအသိ ပေးနိုးဆော်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
မြို့နေပြည်သူများ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များ၊ အများပြည်သူများသို့ပန်ကြားချက်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန် ထားသည့် အမိန်ညွှန်ကြားချက်များ၊ ခရိုင်နှင့်မြို့နယ်၏ဒေသန္တရအမိန့် ညွန်ကြားချက် များအား ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေ ရေးအတွက် မြို့ပေါ်ရပ်ကွက်များအနှံ့လှည့်လည်အသိနှိုးဆော်မှုများ ဆောင်ရွက်ခြင်းဖြစ်ပြီး ရောဂါထိန်းချုပ်ရေး ည၁၂နာရီမှ နံနက်၄နာရီအတွင်း လမ်းထွက်သွားလာမှုမပြုကြရေး အထူးသတိပေး နှိုးဆော်ကြခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန Facebook Page တွင် လွှင့်တင်ထားသည့် အသိပညာပေး တေးသီချင်း များအား မြို့တွင်းသို့ လှည့်လည်နှိုးဆော် ဖွင့်လှစ်ပေးခြင်းများဆောင်ရွက်ကြခြင်းဖြစ်သည်။
အဆိုပါ အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းကိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)