သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး ညွှန်ကြားရေးမှူးနှင့် ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ
Sep 08,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးအောင်သိုက်ဝင်းနှင့် ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်းအုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ မြို့ဦးရပ်ကွက်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကျင်းပ
Sep 08,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် သစ္စာ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့ ညနေ(၄)နာရီအချိန်က ဟိုပုံးမြို့၊ မြို့ဦးရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပိုင်ကျုံမြို့၊ ဒေါ်လန်းကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်
Sep 08,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ဒေါ်လန်းကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါမဖြစ်ပေါ်စေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ပြည်သူများအား အသိပညာပေးဆောင်ရွက်သည့်လုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ဒေါ်လန်းကျေးရွာ အ၀င်၊ အထွက်လမ်းများတွင် ဆောင်ရွက်ခဲ့သည်။
မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအား နံရံကပ်ဘုတ်ပြသ
Sep 08,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ၊ ပြည်သူ့စာကြည့်တိုက်တွင် နေ့စဉ်စာဌားစာဖတ်လာရောက်ကြသူများအ‌နေဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကိုသိရှိစေရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ နံရံကပ်ပြဘုတ်ဖြင့် ပြသပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး
Sep 08,2020
ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်ရွေးကောက် ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ချင်းရွှေဟော်မှနေရပ်ပြန်ပြည်သူ(၈)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်
Sep 08,2020
ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ စက်တင်ဘာလ ၆ ရက်နေ့၊ ညနေ(၆)နာရီအချိန်က(၄)ဦး နှင့် ယမန်နေ့မွန်းလွဲ(၃)နာရီခွဲအချိန်က (၄)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၈)ဦးတို့အား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့၊ ကွီးလော်ဖလိုးကျေးရွာတွင် Cash for Work စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
Sep 08,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ စောလောကျေးရွာအုပ်စုတွင် Cash For Work စီမံကိန်း ဖြင့် ကျေးရွာတွင်းမြေသားလမ်းခင်းခြင်းလုပ်ငန်းနှင့် လမ်းဘေးဝဲယာရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို ဩဂုတ်လမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ရာမှ ယခုအချိန်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။