သတင်းများ

ကွတ်ခိုင်မြို့နယ်အတွင်းရှိ မဲရုံများ ကိုဗစ်-၁၉‌ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် အညီ ဖွင့်လှစ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်
Sep 08,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့နယ်အတွင်းရှိ မဲရုံများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉‌ ရောဂါကြိုတင်ကာကွယ်ရေးနှင့်အညီ ဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများက ယမန်နေ့ နံနက် ပိုင်းက ကွင်းဆင်းကြပ်မတ်ဆောင်ရွက်သည်။
ကျွန်းစုမြို့တွင် Mask မတပ်ဆင်ထားသူ (၃၅) ဦးအား စစ်ဆေးဒဏ်ရိုက်အရေးယူ
Sep 08,2020
ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်မှုနှုန်းမြင့်မားနေပြီဖြစ်၍ ပြည်သူများအနေဖြင့် ပေါ့ဆမှုမရှိစေရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း Mask မတပ်ဆင်ထားသူ (၃၅) ဦးအား ယမန်နေ့ နံနက်ပိုင်းက ငွေကျပ်(၅)ထောင်နှင့်ညီမျှသော Mask ဝယ်ယူစေခြင်းဖြင့် ဒဏ်ရိုက်အရေးယူခဲ့ကြောင်း သိရသည်။
မြစ်သားမြို့တွင် အပြင်ထွက်တိုင်း Mask နှာခေါင်းစည်းတပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်
Sep 08,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၇) နာရီခွဲအချိန်က မြစ်သားမြို့ မန္တလေး−မြင်းခြံသွားကားလမ်းမကြီးတွင် ခရီးသွားပြည်သူများနှင့် နေအိမ်အပြင်သို့ ထွက်ခွာသွားလာနေသောပြည်သူများအား နှာခေါင်းစည်းများတပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်း၊ Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်တောင်သူများ၏ စိုက်ဧက (၉၃၈၇) ဧကအတွက် ထောက်ပံ့ငွေ ကျပ်သန်းပေါင်း (၁၄၀၀) ကျော်ပေးအပ်သွားမည်ဖြစ်ရာ လက်ရှိတွင် ကျပ်သန်းပေါင်း (၇၅၀) ကျော် ထောက်ပံ့ပြီးစီး
Sep 08,2020
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူ (၂၇၀၉) ဦး၏ မိုးစပါးမျိုးစေ့ထုတ်စိုက်ဧက (၉၃၈၇) ဧကအတွက် ငွေကျပ်သန်းပေါင်း (၁၄၀၀) ကျော်အား ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ရာ ယမန်နေ့အထိ ကျပ်သန်းပေါင်း (၇၅၀) ကျော် ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပိုင်ကျုံမြို့၊ မိုးနိုင်း‌ကျေးရွာရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂) နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေများပေးအပ်
Sep 08,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိမိခင်နှင့်ကလေးသူငယ်များ အာဟာရဆိုင်ရာရလဒ်များပိုမိုကောင်းမွန်စေရန်၊ ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားဖြစ်စေမည့်ဝန်ဆောင်မှုများအား မိသားစုများရရှိစေရေးအထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး ယမန်နေ့မွန်းလွဲပိုင်းတွင်ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက်ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ်ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်ခြင်းကို ပိုင်ကျုံမြို့မိုးနိုင်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၀) ရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်ချက်များ အသံချဲ့စက်များဖြင့် ကြေညာပေး
Sep 08,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးနှိုးဆော်ချက်များအား ရပ်ကွက် (၁၀) ရပ်ကွက်တွင် ယမန့်နေ့ညပိုင်းက အသံချဲ့စက်များဖြင့် ကြေညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်
Sep 08,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၌ ကိုယ်ဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် လူမှုရေးပရဟိတအသင်းများပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်း က လွိုင်လင်မြို့နယ်၊ ပန်ဝိုးကျေးရွာအုပ်စု နောင်ကော့ကျေးရွာ၊ ဟွေဟောင်းကျေးရွာ၊ ပန်းဝိုးကျေးရွာများကို လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဝါးတောကျေးရွာနှင့် နောင်တောင်းကျေးရွာများသို့လည်းကောင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်
Sep 08,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ အမှတ် (၂၀) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။