ဒဂုံ(အရှေ့) စက်တင်ဘာ ၇
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင် ရန်အတွက် ညမထွက်ရအမိန့် လိုက်လံနှိုးဆော်ခြင်းနှင့် စားသောက်ဆိုင်များ၊ လဖ္ဘက်ရည်ဆိုင် များ အားဆိုင်ထိုင်ရောင်း ချခြင်းမပြုလုပ်ရန်၊ ပါဆယ်သာရောင်း ချရန်တို့အတွက် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက် ၃၂ ရပ်ကွက်ရှိလမ်းများ၌ သက်ဆိုင်ရာ ရပ်ကွက် တာဝန်ခံများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက အသံချဲ့စက်ဖြင့် ယမန်နေ့ ည ၈ နာရီက လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ နှိုးဆော်ပေးခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးထိခိုက်စေနိုင်သည့်အပြင် အသက်ဘေးအန္တရာယ် သေဆုံးသည်အထိ ဖြစ်ပွားနိုင်သဖြင့် ကာကွယ်ရေးနည်းလမ်းများတွင် အထောက်အကူပြုနိုင်ရန်အတွက် မြို့နယ်အတွင်း ည(၁၂)နာရီမှ နံနက်(၄)နာရီအထိ သတ်မှတ်နယ်နိမိတ်မှ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ လူစုလူဝေး ပြုလုပ်ခြင်း မပြုလုပ်ကြရန် ညမထွက်ရအမိန့်အား အသိပေးနှိုးဆော်ထားပြီး မဖြစ်မနေ အပြင်သို့ သွားရောက်ရန်လို အပ်ပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံအကြောင်း ကြားရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါညမထွက်ရအမိန့်အား ဖောက်ဖျက် ကျူးလွန်ပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ(၁၈၈)ဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)