ကလောမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပ

 

ကလော     စက်တင်ဘာ     ၇

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ကလောမြို့နယ်တွင်၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့် အဖွဲ့ဝင်များ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်၁၀ နာရီခွဲ အချိန်ခန့် ကမြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကလောမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းဆွေက ရွေးကောက်ပွဲနှင့် ပတ်သတ်၍ မြို့နယ်အတွင်း လက်ရှိ ဆောင်ရွက်နေသည့် မဲဆန္ဒရှင်စာရင်း ကြေငြာ ထားရှိမှုအခြေအနေ ၊ မြို့နယ်အတွင်းပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကြေညာထားရှိမှု အခြေအနေ ၊ မဲဆွယ်စည်းရုံးကာလအတွင်း ပါတီအသီးသီးအနေဖြင့် စည်းကမ်း ကန့်သတ်ချက်များနှင့်အညီ မဲဆွယ်စည်းရုံး ဆောင်ရွက်သွားကြရန် အဖွင့်အမှာစကားပြောကြား ခဲ့သည်။

ထို့နောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယဦးစီးမှူး ဒေါ်နန်းကေသီထွန်းက မဲစာရင်း အခြေအနေများ ၊ ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်များ မဲရုံအခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း ဆက်လက်၍  မြို့နယ်အတွင်းရှိ မဲဆန္ဒနယ်မြေများတွင် တာဝန်ယူ ဆောင်ရွက် ရသည့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များက မဲစာရင်းနှင့်မဲရုံထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ပြန်လည် ဆွေးနွေး ခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ကလော၊ အောင်ပန်း ၊ ဟဲဟိုး နယ်မြေအလိုက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  ညွှန်ကြားချက်များ နှင့် အညီ  ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သင်းသင်းမော်( ပြန်/ဆက်)