ဝန်းသိုမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်အသစ်များ ပြန်လည် ရွေးချယ် ပွဲပြုလုပ်
Sep 09,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာ ဗျူဟာမူဘောင်ပါ စဉ်ဆက်မပြတ်ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူဗဟိုပြု အသွင်ဖြင့် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာပေါင်း (၃၅)ရွာ တွင် ယူနစ်ပေါင်း(၂၁) ယူနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့က ထုံးဘို+ အင်းမ+၊ အလယ်ကျွန်း သုံးရွာ တစ်ယူနစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးနှစ်ပြည့် ကော်မတီဝင်အသစ်များ ပြန်လည်အစားထိုးရွေးချယ် ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။