ပိုင်ကျုံ၊ စက်တင်ဘာ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ မိခင်နှင့်ကလေးသူငယ်များအာဟာရဆိုင်ရာရလဒ်များ ပိုမိုကောင်းမွန်စေရန်၊ ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားဖြစ်စေမည့်ဝန်ဆောင်မှုများအား မိသားစုများရရှိစေရေးအထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး ယမန်နေ့မွန်းလွဲပိုင်းတွင်ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက် (၂) နှစ်အောက်ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ်ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်ခြင်းကို ပိုင်ကျုံမြို့မိုးနိုင်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာတွင်၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှဇွန်လအထိ တတိယအကြိမ် အကျိုးခံစားမည့်သူ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက်ကလေးငယ်စုစုပေါင်း (၉၅) ဦး၊ ဇူလိုင်လမှ စက်တင်ဘာအထိ စတုတ္ထအကြိမ် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂) နှစ်အောက်ကလေး စုစုပေါင်း (၁၂၅) ဦးတို့အတွက် တစ်လလျှင် (၁၅၀၀၀) ကျပ်နှုန်းဖြင့် (၆) လစာအတွက် လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)