မင်းကင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း စီပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်း (၂၆၄) ဧက ရာနှုန်းပြည့်စိုက်ပျိုးပြီးစီး

မင်းကင်း   စက်တင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသ၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ကုစားမှု  CERP အစီအစဉ်ဖြင့်  မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်း စုစုပေါင်း (၂၆၄) ဧက လျာထား စိုက်ပျိုးခဲ့ရာ သြဂုတ်လကုန်ပိုင်းက ရာနှုန်းပြည့် စိုက်ပျိုး ပြီးစီးသွားခဲ့ကြောင်း သိရသည်။

မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးတောင်သူများခက်အခဲမရှိ  အဆင်ပြေစွာ  စိုက်ပျိုးနိုင်ရေး အတွက်  နိုင်ငံတော်မှ  CERP အစီအစဉ် ဖြင့် သီးနှံမျိုးစေ့စရိတ်၊ စိုက်ပျိုးစရိတ်ထောက်ပံငွေများ ကိုပထမ အကြိမ်ထုတ်ပေးခဲ့ပြီး  ဒုတိယအကြိမ်နှင့်  တတိယအကြိမ်ကို  စက်တင်ဘာလ ဒုတိယပတ်တွင် တောင်သူများလက်ဝယ်အရောက် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ မင်းကင်းမြို့နယ် ၌ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးခြင်းကို မြို့နယ်အတွင်းရှိ  ကျေးရွာ အုပ်စု(၁၇)အုပ်စု၊ ကျေးရွာပေါင်း (၂၀)၊ တောင်သူ(၆၀)ဉီးရှိ ပြီး စိုက်ဧက ပေါင်း(၂၆၄) ဧကလျာထားစိုက်ပျိုးထားကြောင်း  မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးရာတွင် တောင်သူများ သီးနှံအထွက်နှုန်း တိုးပွားရေး၊  စိုက်နည်းစနစ်များ မှန်ကန် စေရေးအတွက် မြို့နယ်စိုက်ပျိုးရေး ဉီးစီးဌာနဦးစီးအရာရှိ၏ အနီးကပ်ကြီးကြပ်မှုဖြင့်  ဝန်ထမ်းများမှကွင်းဆင်း၍ စိုက်ပျိုးရေး ဆိုင်ရာ နည်းစနစ်များ၊ လက်တွေ့ပညာပေးခြင်း၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ မျိုးကွဲနုတ်ပယ်ခြင်းများ ဆောင်ရွက်ခြင်းကို  ပံပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းတို့ကို မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာန၊ ဦးစီးအရာရှိထံမှ သိရသည်။

မိုးစပါးမျိးစေ့ထုတ် စိုက်ပျိုးရာတွင်  တောင်သူများအနေဖြင့်  နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ စီးပွားရေး ကုစားမှု  CERP အစီအစဉ်ဖြင့်  မျိုးစေ့ စရိတ်နှင့်  သီးနှံစိုက်ပျိုးစရိတ် ထောက်ပံပေး တဲ့အတွက်  မျိုးကောင်းမျိုးသန့် ရရှိစေရေးနှင့်  သီးနှံအထွက်နှုန်း  တိုးပွားရေးတို့ကို  အရေးထား ဆောင်ရွက်ကြရန်လိုကြောင်း   မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဉီးချစ်ကိုကိုမှ တောင်သူ များ အားပြောကြားခဲ့ကြောင်း သိရသည်။

မေသက်(ပြန်/ဆက်)