လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အပြင်ပဒံကျေးရွာ၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေး စစ်ဆေးပေးခြင်းကို အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေး

လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခန့်က အပြင်ပဒံကျေးရွာအတွင်း အိမ်တိုင်ရာ ရောက် လိုက်လံဆောင်ရွက်ပေးသည်။

ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် အပြင်ပဒံကျေးရွာ အုပ်ချုပ်ရေးနှင့် မြို့နယ်ကျန်းမာရေးဌာနမှ ဆရာမ များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ပူးပေါင်း၍ ကျေးရွာအတွင်း နေထိုင်ကြသည့် ပြည်သူများအား အိမ်တိုင်ရာ ရောက် လိုက်လံ၍ ကိုယ်အပူချိန်တိုင်းတာပေးခြင်း ဆောင်ရွက်ပေးပြီး အပြင်သွားပါက နှာခေါင်းစည်း Mask များ မဖြစ်မနေ တပ်ဆင်ရန်၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန်၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာ နေထိုင်ကြရန်၊ လက်များကို မကြာခဏ စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြော ရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)