သန်လျင် စက်တင်ဘာ ၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အောင်မင်္ဂလာရပ်ကွက်အတွင်းမှ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူများအား အောင်မင်္ဂလာစာဖတ်ခန်းနှင့် ပရဟိတ အဖွဲ့က ဦးဆောင်၍ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ယနေ့ နံနက်က အိမ်တိုင်ရာရောက် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။ ယင်းသို့ ဂုဏ်ပြုချီးမြှင့်ရာတွင် ရပ်ကွက်အတွင်း နေထိုင်သူ တက္ကသိုလ်ဝင်တန်း ငါးဘာသာဂုဏ်ထူးရှင်တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင်တစ်ဦး၊ နှစ်ဘာသာဂုဏ်ထူး ရှင်တစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၁၆)ဦး စုစုပေါင်း(၁၉)ဦးတို့ အား ထောက်ပံ့ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
ကိုဗစ်ကာလ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်ညွန်ကြားချက်များအား လိုက်နာသော အားဖြင့် အခမ်းအနားမပြုလုပ်တော့ဘဲ ထူးချွန်သားငယ် သမီးငယ်များကို အိမ်တိုင်ရာရောက် ဂုဏ်ပြု ပေးခဲ့ခြင်းဖြစ်ကြောင်း အောင်မင်္ဂလာစာဖတ်ခန်းနှင့် ပရဟိတအဖွဲ့ ဦးဆောင်သူ သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်၏ ပြောကြားချက်အရ သိရသည်။
သန်းဝင်း(သန်လျင်)