ကျောက်တလုံးကြီး စက်တင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စုရှိ မိုးစပါး မျိုးစေ့ထုတ် စိုက်ကွင်းများအတွင်း ပိုးမွှားများ ကျရောက်မှု ရှိ၊မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ကျောက်တလုံးကြီးမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးနှင့် ဝန်ထမ်းများ က ယမန်နေ့က သွားရောက် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့၊ပင်တွန်းကျေးရွာအုပ်စု အတွင်းရှိ မိုးစပါး(Rsto Cs)မျိုးစေ့ထုတ် စိုက်ကွင်းအမှတ်(၃၆၆)တွင် စပါးစိုက်မျိုးစေ့ထုတ် တောင်သူ (၅) ဦး နှင့်အတူ ပူးပေါင်း၍ ပိုးမွှားများကျရောက်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့သည်။ မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်းများအတွင်း မိုးစပါးများအား စနစ်တကျစိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်နိုင်ရေး၊ မျိုးကွဲများကင်းစင်ရေး၊ ပိုးမွှားများ ကျရောက်မှုမရှိစေရေးအတွက် စပါးစိုက်မျိုးစေ့ထုတ်တောင်သူနှင့် ပူးပေါင်း၍ကွင်းဆင်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ကျောက်တလုံးကြီးမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးခွန်မောင်ညာထံမှ သိရသည်။
မြဝင်း(ပြန်/ဆက်)