ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အသံချဲ့စက်များ ဖြင့်လိုက်လံ နှိုးဆော်
Sep 10,2020
လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ပုလောမြို့နယ်ရုံး၊ မြို့နယ်ဦးစီးမှူး ဒေါ်မြစောနွယ်နှင့် ၀န်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာ၀ဘေးအန္တရာယ်များ အကြောင်း သိရှိစေရန် အသံချဲ့စက်များ ဖြင့် ယမန်နေ့ နံနက်(၈) နာရီက အချိန်က လိုက်လံ နှိုးဆော်ခဲ့ကြောင်းသိရသည်။