သတင်းများ

ကော့ကရိတ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်း
Sep 10,2020
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းသည့် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် လှည့်လည်အသိပေးကြေညာ
Sep 10,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ငါန်းဇွန်မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ သွားလာ နေထိုင်ကြရန် ယမန်နေ့နံနက်ပိုင်းက မော်တော်ယာဉ်ဖြင့် ငါန်းဇွန်မြို့ပေါ်ရပ်ကွက်အသီးသီးသို့ လှည့်လည်အသိပေး ကြေညာခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပ
Sep 10,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့်  ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ
ကြံခင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များနှင့် နိုင်ငံရေးပါတီ(၅)ခုမှ ကိုယ်စားလှယ်လောင်းများ လုပ်ငန်း ညှိုနှိုင်း ဆွေးနွေးပွဲပြုလုပ်
Sep 10,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် နိုင်ငံရေးပါတီ (၅)ခုမှ ကိုယ်စားလှယ်လောင်း များ လုပ်ငန်းညှိုနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကော်မရှင်ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် မုဒုံမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကုန်ထုတ်လမ်းနှင့်တံတားများ ဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး
Sep 10,2020
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကုန်ထုတ်လမ်းနှင့်တံတားများဆောင်ရွက်နိုင်ရန်အတွက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဗညားနှင့် ဝန်ထမ်းများကကျေးရွာအုပ်ချုပ်ရေးမှူး၊ တောင်သူလယ်သမားများနှင့်အတူ မှိန်ဂနိမ်း ကျေးရွာ၊ကော့ခပုံကျေးရွာသို့ သွားရောက်ပြီး ဆောင်ရွက်ရန်လျာထား မည့်လမ်းနှင့် တံတားများ ၏မြေပြင်အခြေအနေကိုယမန်နေ့ကကွင်းဆင်းစစ်ဆေးခဲ့သည်။
ကြို့ပင်ကောက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 10,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်က ကျင်းပပြုလုပ်သည်။
ကွတ်ခိုင်မြို့၌ ကိုဗစ်-၁၉ ‌ရောဂါဆိုင်ရာ အသိပေးထုတ်ပြန်‌ချက်များအား အများပြည်သူ သိရှိစေရန် လက်ကမ်းများ ဖြန့်ဝေ
Sep 10,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ရှမ်းပြည်နယ် အစိုးရ၏ ကိုဗစ်-၁၉‌ ရောဂါဆိုင်ရာ အသိပေးထုတ်ပြန်‌ ကြေညာ ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ စေရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက မြို့မဈေးအတွင်းနှင့် လူစည်ကားရာနေရာများ၌ လက်ကမ်း စာ‌စောင်များ လိုက်လံဖြန့်ဝေပေးသည်။
ညောင်တုန်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေရပ်ပြန်လာသူများအား စောင့်ကြပ်ကြည့်ရှု စစ်ဆေးရန် စင်တာများအား ပြင်ဆင်‌ ဆောင်ရွက်ထားရှိ
Sep 10,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှ (Stay at Home) နေထိုင်ရေး သတ်မှတ်ထားသော မြို့နယ်များမှ နေရပ်ပြန် လာသူများအား စောင့်ကြပ်ကြည့်ရှု စစ်ဆေးရန် သီးခြားထားရှိသော နေရာအဖြစ် သတ်မှတ် ထားသည့် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာများတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်‌/ကျေး အုပ်စုအဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့၊ Road Of Future Youth Network (အနာဂတ်လမ်းလူငယ်ကွန်ရက်)နှင့် ပီတိလူငယ်ပရဟိတ အဖွဲ့တို့က သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်း၊ အိပ်စင်များ ထားရှိပေးခြင်း၊ ရေ/မီးရရှိရေးနှင့် လက်ဆေးရန်ဘေစင်များ ထားရှိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။