ပေါက် စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး ကုစားမှု CERP အစီအစဉ်ဖြင့် မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်း စုစုပေါင်း ၃၄၆ ဧက လျာထား စိုက်ပျိုးခဲ့ရာ သြဂုတ်လကုန်ပိုင်းက ရာနှုန်းပြည့် စိုက်ပျိုး ပြီးစီးသွားခဲ့ကြောင်း မြို့နယ်စိုက်ပျိုရေးရုံးမှ သိရသည်။
မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးတောင်သူများခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေး အတွက် နိုင်ငံတော်မှ CRP အစီအစဉ်ဖြင့် သီးနှံမျိုးစေ့စရိတ်၊ စိုက်ပျိုးစရိတ်ထောက်ပံငွေများကို ပထမအကြိမ် ထုတ်ပေး ခဲ့ပြီး ဒုတိယအကြိမ်နှင့် တတိယအကြိမ်ကို စက်တင်ဘာလ ဒုတိယပတ်တွင် တောင်သူများလက်ဝယ်အရောက် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ပေါက်မြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးခြင်းကို မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု(၂၄) အုပ်စု၊ ကျေးရွာပေါင်း (၃၄)ရွာ၊ တောင်သူ(၂၃၁) ဦးရှိပြီး စိုက်ဧက ပေါင်း၃၄၆ ဧကလျာထား စိုက်ပျိုးထားကြောင်း မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများ စိုက်ပျိုးရာတွင် တောင်သူများ သီးနှံအထွက်နှုန်းတိုးပွားရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး အတွက် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကွင်းတာဝန်ခံ ဝန်ထမ်းများမှ ကွင်းဆင်း၍ စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များ၊ လက်တွေ့ပညာပေးခြင်း၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ မျိုးကွဲ နုတ်ပယ်ခြင်းများ ဆောင်ရွက်ခြင်းကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ဦးစီးမှူးထံမှ သိရသည်။
မိုးစပါးမျိးစေ့ထုတ် စိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု CERP အစီအစဉ်ဖြင့် မျိုးစေ့စရိတ်နှင့် သီးနှံစိုက်ပျိုးစရိတ် ထောက်ပံပေးသည့် အတွက် မျိုးကောင်းမျိုးသန့် ရရှိစေရေးနှင့် သီးနှံအထွက်နှုန်း တိုးပွားရေးတို့ကို အရေးထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးဝင်းကိုက ပြောကြားသည်။
ဉာဏ်တိုး (ပေါက်)