ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက်လိုက်နာရမည့် အချက် များအား ရပ်ကွက်များအတွင်းလှည့်လည်ကြေညာပေး

ကျောက်တံတား  စက်တင်ဘာ ၁၀

ရန်ကုန်အနောက်ပိုင်းခရိုင်၊ကျောက်တံတားမြို့နယ်တွင်  ပြည်သူများ  လိုက်နာဆောင်ရွက်ရမည့် အမိန့်များနှင့် ညွှန်ကြားချက်များအား ပြည်သူများသိရှိလိုက်နာစေရန်အတွက် ရပ်ကွက်များ အတွင်း ညစဉ် လှည့်လည် ကြေညာပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကြေညာရာတွင်မြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၁၀)ရက်နေ့နောက်ပိုင်း ရခိုင်ပြည်နယ် သို့ သွားရောက်ခဲ့သူများသည် မိမိတို့မြို့နယ်အတွင်း ပြန်လည်ရောက်ရှိပါက သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ကျန်းမာရေး ဌာနများသို့ သတင်းပို့ရန်၊ ည ၁၂ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားမှုအပေါ် ပြည်သူများ လိုက်နာဆောင်ရွက်ရန်နှင့် မလိုက်နာပါက တည်ဆဲ ဥပဒေ များ နှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော  အချက်များကို လိုက်နာဆောင်ရွက်ကြရန် နှင့် စားသောက်ဆိုင်၊ လက်ဘက်ရည် ဆိုင်များ တွင် ပါဆယ်စနစ်ဖြင့်သာရောင်းချသွားရန် တို့ကိုရပ်ကွက်များအလိုက် ကြေညာဆောင်ရွက် ပေးလျ က်ရှိကြောင်း သိရ သည်။

ရွှေနန်းမေ