နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ လိမ္မော်စိုက်ခင်းများတွင် ပိုးမွှားရောဂါကျရောက်မှုရှိ၊ မရှိကွင်းဆင်းစစ်ဆေး

ထန်ပါခွေ စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ယနေ့ နံနက် ၈ နာရီအချိန်က ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများ၏ လိမ္မော်စိုက်ခင်းများတွင် ပိုးမွှားရောဂါ ကျရောက်မှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးဝေမင်းဦးက လိမ္မော်စိုက်ခင်းများတွင် သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာ အချိုးကျရောနှော၍ ထည့်သွင်းရန်၊ ပိုးမွှားရောဂါကျရောက်ပါက ကာကွယ်နှိမ်နင်းနည်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

၎င်းနောက် စိုက်ပျိုးရေးဦးစီးဌာန (Call Center) စိုက်ပျိုး ရေးဆိုင်ရာအခက်အခဲများ ကြုံလာပါက ဆက်သွယ်ရန်ဖုန်းနံပါတ်များအား ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီးမှူး ဦးဝေမင်းဦးက ဒေသခံတောင်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဟန်ထွန်း(အင်းဝ)