သတင်းများ

လမ်းမတော်မြို့နယ် UMFCCI  တွင် (၁၆) ကြိမ်မြောက် ASEAN-BAC Joint Business Councils (JBCs) အစည်းအဝေးကျင်းပ
Sep 10,2020
လမ်းမတော်မြို့နယ်  UMFCCI  တွင် (၁၆) ကြိမ်မြောက် ASEAN-BAC Joint Business Councils (JBCs) အစည်းအဝေးအား ယမန်နေ့တွင် Video Conferencing ဖြင့်ကျင်းပခဲ့ပြီး ကုန်သည် စက်မှုအသင်းချုပ် ဗဟို အလုပ်အမှုဆောင် ဦးမိုးကျော် ပါဝင်တက်ရောက်ခဲ့သည်။
ဓနုဖြူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်မှုမရှိစေရေးအတွက် မြို့ဝင်ပူးပေါင်း စစ်ဆေးခြင်းဆောင်ရွက်
Sep 10,2020
ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကူးစပ်မှု မရှိစေရေးအတွက် မြို့ဝင်ပူးပေါင်းစစ်ဆေးရေး ဂိတ်ဖွင့်လှစ်၍ ခရီးသွား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူဝင်/ထွက် စစ်ဆေးခြင်းတို့ကို ယမန်နေ့ နံနက် ၈ နာရီမှစတင်၍ ဆောင်ရွက် လျက်ရှိသည်။
တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်
Sep 10,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အများပြည်သူများ အိမ်အပြင်ထွက်ခွာရာတွင် Mask တပ်ဆင်သည့် အလေ့အထကောင်းများ ရရှိစေပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ခရီးသွားပြည်သူများ လမ်းသွား ၊လမ်းလာ ပြည်သူများအား Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်း မရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်ပြီး တာလေမြို့ တာလေတံတားရှိ Covid-19 ကြိုတင်ကာကွယ်ရေးနှင့် စစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ရင်ခွင်မဲ့ကလေးသူငယ်လျော့ချရေး အသိပညာပေးဆွေးနွေးပွဲ Talk Show အွန်လိုင်း တင်ဆက်မှု အစီအစဉ်ဆောင်ရွက်
Sep 10,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကော့သောင်းခရိုင် မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေး အသင်းတို့ပူးပေါင်း၍ ရင်ခွင်မဲ့ကလေးသူငယ်လျော့ချရေးနှင့် စောင့်ရှောက် ထိန်းသိမ်းရေး ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်တစ်ရပ်ကို အွန်လိုင်းလွှင့်တင် အသိပညာပေးနိုင်ရေး စက်တင်ဘာလ ၉ရက်နေ့မွန်းလွဲ၁နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာတွင် ဆွေးနွေးရိုက်ကူးခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ် လင်းနေစမ်းတံတား တည်ဆောက်ခြင်းလုပ်ငန်း(၆၀)ရာခိုင်နှုန်းခန့်ပြီးစီး
Sep 10,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြိုန့ယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၏ ကယ်ဆယ်ရေး စောင့်ရှောက်ရေးနှင့်
လမ်းမတော်မြို့နယ် UMFCCI တွင် Investment Development Committee ၏ ဒုတိယ အကြိမ် မြောက် အစည်းအဝေးကျင်းပ
Sep 10,2020
လမ်းမတော်မြို့နယ် UMFCCI တွင် Investment Development Committee ၏ဒုတိယ အကြိမ်မြောက် အစည်းအဝေးကိုယမန်နေ့ညနေပိုင်းတွင် Video conferencing ဖြင့် ကျင်းပခဲ့ရာ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးသာနှင့်အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
လောင်းလုံးမြို့နယ်၊ သောကြာပြင်စျေး၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဒုတိယအကြိမ်ထပ်မံစစ်ဆေးမှုပြုလုပ်
Sep 10,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး အစီအစဉ်ဖြင့် သောကြာပြင်စျေးတွင် နှာခေါင်းစည်း တပ်ဆင်၍​စျေးရောင်းစျေးဝယ်မှု ရှိ/မရှိ ကို ဒုတိယအကြိမ် ထပ်မံကွင်းဆင်းစစ်ဆေးမှုကို ယမန်နေ့ နံနက် ၇ နာရီအချိန်က ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မတူပီမြို့အတွင်း ပြည်တွင်းပြည်ပမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ဝင်ရောက်နေသူဦးရေ စုစုပေါင်း ၁၄ ဦးရှိ
Sep 10,2020
ချင်းပြည်နယ် ၊ မတူပီမြို့ ( COVID-19) ရောဂါ၊ ကာကွယ်၊ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာ ချက်များနှင့်အညီ မတူပီမြို့အတွင်း ပြည်ပ နှင့် ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး စက်တင်ဘာလ ၉ ရက်နေ့ အထိ Facility Quarantine ဝင်ရောက်နေသူဦးရေ စုစုပေါင်း (၁၄) ဦး ရှိကြောင်း မတူပီမြို့ (COVID-19)ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှ သိရှိရသည်။