အုတ်ဖို စက်တင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြိုန့ယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၏ ကယ်ဆယ်ရေး စောင့်ရှောက်ရေးနှင့် ပြန်လည် နေရာ ချထားရေး အသုံးစရိတ် ခွင့်ပြုငွေဖြင့် ဆောင်ရွက်လျက်ရှိသော ချောင်းဂေါင်းအုပ်စု၊ လင်းနေစမ်း ကျေးရွာသွားလမ်းပေါ်ရှိ တံတားအမှတ်(၁) တည်ဆောက်ခြင်းလုပ်ငန်းမှာ (၆၀) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စုစုစံထံမှ သိရသည်။
အဆိုပါတံတားအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၏ ကယ်ဆယ်ရေး စောင့် ရှောက်ရေးနှင့် ပြန်လည်နေရာ ချထားရေး အသုံးစရိတ် ခွင့်ပြုငွေ(၃၀.၀၀)ကျပ်သန်းဖြင့် (၁၅.၇.၂၀၂၀) ရက်နေ့မှ စတင်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ တည်ဆောက် နေခြင်း ဖြစ်သည်။ ယင်းတံတား တည်ဆောက်ပြီးစီးပါက ဖြတ်သန်းသွားလာလျက်ရှိသော ဒေသခံ ပြည်သူများအတွက် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေး အဖက်ဖက်မှ ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ် တည်ဆောက်ခြင်းဖြစ်ကြောင်းသိရသည်။
အောင်သူ(အုတ်ဖို)