မတူပီမြို့အတွင်း ပြည်တွင်းပြည်ပမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ဝင်ရောက်နေသူဦးရေ စုစုပေါင်း ၁၄ ဦးရှိ

မတူပီ       စက်တင်ဘာ     ၁၀

ချင်းပြည်နယ်  ၊ မတူပီမြို့   ကိုဗစ်-၁၉ ရောဂါ၊   ကာကွယ်၊ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာ ချက်များနှင့်အညီ   မတူပီမြို့အတွင်း    ပြည်ပ နှင့်   ပြည်တွင်းမှ     ပြန်လည်ရောက်ရှိလာပြီး စက်တင်ဘာလ ၉ ရက်နေ့ အထိ   Facility   Quarantine  ဝင်ရောက်နေသူဦးရေ စုစုပေါင်း  (၁၄) ဦး ရှိကြောင်း မတူပီမြို့ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှ သိရှိရသည်။

မတူပီမြို့အတွင်း   Facility    Quarantine ဝင်ရောက်နေသူ (၁၄) ဦး မှာ ပြည်ပမှ ပြန်လည်ဝင် ရောက်လာသူ ကျား(၁)ဦး နှင့် ပြည်တွင်း မှ ပြန်လည်ဝင်ရောက်လာသူ ကျား(၈)ဦး  ၊  မ(၅)ဦး ဖြစ် ကြောင်း၊ အဆိုပါ(၁၄)ဦးအား မတူပီမြို့ မိုးလုံလေလုံ အားကစားရုံတွင်  ထားရှိပြီး Swab နမူနာ ပထမအကြိမ်ကို ယမန်နေ့ က ရယူခဲ့ကြပြီး    ဓာတ်ခွဲနမူနာတို့ကို  ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပေးပို့ထားကြောင်း၊  Swab နမူနာ (၂)  ကြိမ်စီ စစ်ဆေးသွားပြီးနောက် ကိုဗစ်-၁၉ ရောဂါ ပိုးမတွေ့ ရှိသူများအား Facility   Quarantine (၂၁)ရက်ပြည့်လျှင် ပြန်လည်စေလွှတ်၍    Home Quarantine (၇)ရက် ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း နှင့် Facility Quarantine ဝင်ရောက် နေသူများအား ကိုဗစ်-၁၉ ရောဂါ၊   ကာကွယ်၊ထိန်းချုပ်ရေး  နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့်  လူငယ်   Volunteer များ၊    ဌာနဆိုင်ရာများ ပူးပေါင်း၍     စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)