ဓနုဖြူ စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်မှု မရှိစေရေးအတွက် မြို့ဝင်ပူးပေါင်းစစ်ဆေးရေး ဂိတ်ဖွင့်လှစ်၍ ခရီးသွား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူဝင်/ထွက် စစ်ဆေးခြင်းတို့ကို ယမန်နေ့ နံနက် ၈ နာရီမှစတင်၍ ဆောင်ရွက် လျက်ရှိသည်။
ဓနုဖြူမြို့ ဝင်/မြို့ထွက် ပူးပေါင်းစစ်ဆေးရေး ဂိတ်တို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မြို့အတွင်း သွားလာ နေသည့် ယာဉ်များ၊ ခရီးသွားလာနေသော ခရီးသွားပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အနေဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ လူဝင်/ထွက် စစ်ဆေးခြင်း တို့အား ဆောင်ရွက်ပေးလျက် ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် မြို့ဝင်ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် ခရီးသွား ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် လူဝင်/ထွက် စစ်ဆေးခြင်းတို့အား နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၅နာရီအထိ ဆောင်ရွက် ပေးရှိကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)