လမ်းမတော် စက်တင်ဘာ ၁၀
လမ်းမတော်မြို့နယ် UMFCCI တွင် Investment Development Committee ၏ဒုတိယ အကြိမ်မြောက် အစည်းအဝေးကိုယမန်နေ့ညနေပိုင်းတွင် Video conferencing ဖြင့် ကျင်းပခဲ့ရာ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးသာနှင့်အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုဖော်ဆောင်ပေးနိုင်ရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များတိုးပွားမှုသာမက ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များ ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့စေရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းနှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖြစ်ပေါ်လာ စေ ရေး တို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်