လမ်းမတော်မြို့နယ် UMFCCI  တွင် (၁၆) ကြိမ်မြောက် ASEAN-BAC Joint Business Councils (JBCs) အစည်းအဝေးကျင်းပ

လမ်းမတော် စက်တင်ဘာ  ၁၀

လမ်းမတော်မြို့နယ်  UMFCCI  တွင် (၁၆) ကြိမ်မြောက် ASEAN-BAC Joint Business Councils (JBCs) အစည်းအဝေးအား ယမန်နေ့တွင် Video Conferencing ဖြင့်ကျင်းပခဲ့ပြီး ကုန်သည် စက်မှုအသင်းချုပ် ဗဟို အလုပ်အမှုဆောင် ဦးမိုးကျော် ပါဝင်တက်ရောက်ခဲ့သည်။

 ASEAN-Business Advisory Council (ASEAN-BAC) ဥက္ကဋ္ဌ Dr. Doan Duy Khuong မှ အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး Executive Director ဖြစ်သူ Mr. Gil Gonzales မှကျင်းပခဲ့ပြီးသော(၁၅) ကြိမ်မြောက် အစည်း အဝေးမှ ဆွေးနွေးချက်များအား အကျဉ်းချုံး တင်ပြခဲ့သည်။

အစည်းအဝေးတွင် အာဆီယံနိုင်ငံအတွင်းရှိ အမွေအနှစ်ဆိုင်ရာ စီမံကိန်းများ၏ အကောင်အထည် ဖော်မှု အခြေအနေများ၊ ဒစ်ဂျစ်တယ်ကုန်သွယ်မှုမြှင့်တင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက် နေမှုများ၊ JBCs ၏ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် လုပ်ငန်းကဏ္ဍအလိုက် ခေါင်းဆောင် အသီးသီးမှ လက်ရှိ ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ASEAN-BAC Secretariat, ASEAN Business Club, ASEAN Secretariat, ASEAN BAC Joint business councils စသည့် အဖွဲ့အစည်း၊ အသင်းအဖွဲ့များမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်