မွန်ပြည်နယ် မုဒုံမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကုန်ထုတ်လမ်းနှင့်တံတားများ ဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး

မုဒုံ စက်တင်ဘာ ၁၀

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကုန်ထုတ်လမ်းနှင့်တံတားများဆောင်ရွက်နိုင်ရန်အတွက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဗညားနှင့် ဝန်ထမ်းများကကျေးရွာအုပ်ချုပ်ရေးမှူး၊ တောင်သူလယ်သမားများနှင့်အတူ မှိန်ဂနိမ်း ကျေးရွာ၊ကော့ခပုံကျေးရွာသို့ သွားရောက်ပြီး ဆောင်ရွက်ရန်လျာထား မည့်လမ်းနှင့် တံတားများ ၏မြေပြင်အခြေအနေကိုယမန်နေ့ကကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါကျေးရွာများရှိမှိန်ဂနိမ်းကျေးရွာတွင်အကျိုးပြုလယ်ဧက(၂၄၆၀)ဧကစံပြစိုက်ကွက် ဖော်ဆောင်ခဲ့သည့်ကွင်းနှင့်ချိတ်ဆက်မည့်ကုန်ထုတ်လမ်းအရှည်ပေ(၂၂၂၉၅)ပေ၊တံတား(၄)စင်းနှင့်Boxculvertတံတားငယ်(၂)စင်းတို့ကို ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၌ပြည်ထောင်စုရန်ပုံငွေဖြင့် လည်ကောင်း၊ ကော့ခပုံကျေးရွာ တွင်အကျိုးပြု လယ်ဧက(၁၈၆၃)ဧကစံပြစိုက်ကွက် ဖော်ဆောင်ခဲ့သည့်ကွင်းနှင့် ချိတ် ဆက်မည့် ကုန်ထုတ်လမ်းအရှည်ပေ(၁၂၇၀၀)ပေ၊ တံတား(၃)စင်း၊ Boxculvert တံတား ငယ်(၁) စင်းနှင့်ရေပြွန်(၁)ခုတို့ကိုပြည်ထောင်စုဒုဝန်ကြီးလမ်းညွှန် မှာကြားချက်တို့ဖြင့် လျာထား ဆောင်ရွက်ရန်အတွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

အောင်မျိုးသူ(မုဒုံ)