ကော့ကရိတ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်း

ကော့ကရိတ် စက်တင်ဘာ ၁၀

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းသည့် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးမှာ ကော့ကရိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးသန်းဦးမှ ၂၀၂၀ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရာမှာ ပါတီတစ်ခုနှင့်တစ်ခု အငြင်းပွားဖွယ်ရာများ၊ ပဋိပက္ခမဖြစ်ပွား ရေးအတွက် စေ့ပ်ညှိနှိုင်းရေးကော်မတီအား ဖွဲ့စည်းခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက တစ်ဦးချင်းမိတ်ဆက်သည့်အစီအစဉ်ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ မြို့တွင်းသြဇာတိက္ကမရှိသူများတက်ောက်ခဲ့ကြကြောင်း သိရှိရသည်။

စိုးထက်အောင်(ပြန်ဆက်)