ကွတ်ခိုင်မြို့၌ ကိုဗစ်-၁၉ ‌ရောဂါဆိုင်ရာ အသိပေးထုတ်ပြန်‌ချက်များအား အများပြည်သူ သိရှိစေရန် လက်ကမ်းများ ဖြန့်ဝေ

 

ကွတ်ခိုင် စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ရှမ်းပြည်နယ် အစိုးရ၏ ကိုဗစ်-၁၉‌ ရောဂါဆိုင်ရာ အသိပေးထုတ်ပြန်‌ ကြေညာ ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ စေရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက မြို့မဈေးအတွင်းနှင့် လူစည်ကားရာနေရာများ၌ လက်ကမ်း စာ‌စောင်များ လိုက်လံဖြန့်ဝေပေးသည်။

“ကိုဗစ်-၁၉‌ရောဂါနဲ့ ပတ်သက်ပြီးတော့ ရှမ်းပြည်နယ်အစိုးရက ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်တွေ၊ ကျန်းမာ ရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို အများပြည်သူ‌တွေ အနေနဲ့ ကျယ်ကျယ်ပြန့်ပြန် သိရှိလိုက်နာဖို့ အတွက်လိုအပ်တာကြောင့် အသိပညာပေးလက်ကမ်းစာ‌စောင်တွေ လိုက်လံ ဖြန့်ဝေ ပေးတာဖြစ်တယ်" ဟု မြို့နယ်စည်ပင် သာယာရေးဌာနမှ ဦးစီးအရာရှိ ဦးမောင်မောင်က ပြောသည်။

 ကွတ်ခိုင်မြို့အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုကွတ်ခိုင်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်း များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတအသင်းအဖွဲ့များက ပူးပေါင်း၍ မြို့မစျေးကြီးနှင့် ယာယီပျံကျဈေးအတွင်းရှိ စျေး‌ရောင်းသူများ၊ ဈေးဝယ်သူများ၊ စားသောက်ဆိုင် ၊ လက်ဖက် ရည်ဆိုင်၊ကုန်စုံဆိုင်နှင့် စတိုးဆိုင်အစရှိသည့် လူစည်ကားရာ‌နေရာ၌ ဝင်ထွက်သွားလာသော ပြည်သူများကို အသိပညာပေးခြင်း၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်းတို့ကို အရှိန်အဟုန်မြှင့် ပြုလုပ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကိုမိုင်း(ပြန်/ဆက်)