သတင်းများ

ဟင်္သာတခရိုင် တွင် ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်နိုင်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ( ၅/၂၀၂၁ ) ကျင်းပ
Jul 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ ခရိုင်အတွင်း ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဆိုင်ရာလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ( ၅/၂၀၂၁ ) ကို ယနေ့ နံနက် ၉ နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေး ခန်းမ၌ ကျင်းပသည်။
အောင်မြေသာစံမြို့နယ်တွင် ရဟန်းသာမဏေများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
Jul 06,2021
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ အစီအစဉ်ဖြင့် ရဟန်း သာမဏေများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက်၁၀ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ အနှိပ်တော် ရပ်ကွက်၊ ပဇ္ဇောတာရုံကျောင်းတိုက်ရှိ တကောင်း ကျောင်းတိုက်တွင် ကျင်းပသည်။
ဝမ်းတွင်းမြို့နယ်အတွင်း စားသောက်ကုန်များ ပါဆယ်စနစ်ဖြင့် ရောင်းချနိုင်ရေး အသိပညာ ပေးခြင်း ဆောင်ရွက်
Jul 06,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ စားသောက်ကုန်ရောင်းချနေသောဆိုင် များအား ပါဆယ်စနစ်ဖြင့် ရောင်းချနိုင်ရေးနှင့်ကိုဗစ်၁၉ရောဂါထိန်းချုပ်ခြင်း၊ ကာကွယ် ကုသခြင်း လုပ်ငန်များပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး နှင့်ပြည်နယ်များရှိ နေအိမ်များတွင် နေထိုင်ရေး(StayatHome) ပါဝင်ခြင်းမရှိသည့် မြို့နယ်များတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများကို သိရှိနိုင်ရေးနိုးဆော် အသိပေးခြင်း များကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အတွင်း မော်တော်ယာဉ်ဖြင့် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ဗန်းမော်ခရိုင်အတွင်း၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မြင့်တက်လာ၍ သတ်မှတ် ထားသည့် Quarantine Centre အသီးသီး စနစ်တကျထားရှိပြီး ကျန်းမာရေး စစ်ဆေး ကုသပေး
Jul 06,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မြင့်တက်လာ၍ Quarantine Centre များ အသီးသီး စနစ်တကျထားရှိ၍ ကျန်းမာရေး စစ်ဆေးကုသ ပေးလျက်ရှိကြောင်း သိရသည်။
ဘုရားသုံးဆူမြို့တွင် ကိုဗစ် - ၁၉ အသိပညာပေးလုပ်ငန်း ဆောင်ရွက်မှုများအား ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 06,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ ကိုဗစ်- ၁၉ တတိယလှိုင်းအခြေအနေကြောင့် ကျန်းမာရေးအသိပညာပေးဆောင်ရွက်မှုများအား တာဝန်ရှိသူများမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများကို ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်၍ ယနေ့ နံနက် ၉ နာရီ အချိန်တွင် ဘုရားသုံးဆူ မြို့မစျေးရှေ့၌ ဆောင်ရွက်ခဲ့သည်။
သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါပိုးတွေ့လူနာ(၁၂)ဦးထပ်မံတွေ့ရှိ
Jul 06,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ဇူလိုင်လ ၅ ရက်နေ့က ကိုဗစ်− ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၁၂)ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မင်းပြားမြို့နယ်တွင် အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက် သင်တန်းဖွင့်လှစ်
Jul 06,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ယမန်နေ့ နံနက် ၉ နာရီက အခြေခံငါးမွေးမြူရေး နှင့်ဆေးထိုးသားဖောက်သင်တန်းဖွင့်ပွဲပြုလုပ်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန လက်ထောက်ဦးစီး မှူး ဦးထင်ကျော်ထံမှ သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ(၂၇)ဦးရှိ
Jul 06,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၅)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။